ကျောက်ကြီး ၃၀ မေ
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းဝေးခန်းမ၌ ယနေ့ နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ကျောက်ကြီးမြို့နယ်အတွင်း မိုးကြိုးထိမှန်သေဆုံးသူများ၊ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို ကျောက်ကြီးမြို့နယ် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးလှိုင် က အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူး ဦးသန်းထွန်းအောင် က ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပြီး ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ရခြင်းအကြောင်းရှင်းလင်းပြောကြားသည်။ ထို့နောက် ဘေးအန္တရာယ်ထိခိုက်ခံရသည့် မြို့ပေါ် ရပ်ကွက် (၂)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၈)အုပ်စုရှိ အိမ်ထောင်စုဝင်များနှင့် တာဝန်ရှိသူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားအား ကျောက်ကြီးမြို့နယ် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးကဲများ၊ တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူးနှင့် ဌာနဝန်ထမ်းများ၊ မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးများ၊ ဘေးအန္တရာယ် ထိခိုက်ခံရသည့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၂၀ဝ) ခန့် တက်ရောက်ကြကြောင်းသိရသည်။
ကိုသားကြီး(ကျောက်ကြီး)