ရိခေါ်ဒါရ်        ၃၀     မေ  


စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ ကလေးနည်းပညာတက္ကသိုလ်မှ မြို့ပြအင်ဂျင်နီယာဌာန ကျောင်းသားကျောင်းသူများ (Field Trip)အဖွဲ့သည် ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ရှိ ရိရေကန် ကန်ရေနှင့် သဘာဝ ပတ်ဝန်းကျင်အခြေအနေကို မေ ၃၀ ရက်က စူးစမ်းလေ့လာ သုတေသနပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ ရိရေကန် စူးစမ်းလေ့လာရေးအဖွဲ့သည် ကလေးနည်းပညာတက္ကသိုလ်၊ မြို့ပြ အင်ဂျင်နီယာဌာနမှ ကထိက ဒေါ်အေးဖီယားဗျက်ထဒိမ်း ဦးဆောင်မှုဖြင့် နည်းပြဆရာမ (၅)ဦး၊ ကျောင်းသားကျောင်းသူ (၂၉)ဦးတို့က ရိရေကန်ရှိ ကန်ရေနှင့် ရေကန်ဘေးပတ်ဝန်းကျင် အခြေအနေများကို စူးစမ်းလေ့လာသုတေသန ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အဆိုပါ စူးစမ်းလေ့လာသုတေသနပြုလုပ်ရာတွင် ရိရေကန် ကန်ရေ၏ Turbidity/ Transparency, EC, Temperature, PH, Nitrite, Phosphate, Chlorine,Alkalinity, Iron နှင့် Mini SASS (Biological) အခြေအနေများကို စူးစမ်းလေ့လာသုတေသနပြုလုပ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။


ဤသို့ Field Trip စူးစမ်းလေ့လာမှုများကို ဌာနသို့ ဓာတ်ခွဲလေ့လာပြုစု၍ သုတေသန တွေ့ရှိချက်အဖြေများကို ဖော်ထုတ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ Field Trip အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့လေယာဉ်ကွင်း၊ ချင်းပြည်နယ် အတွင်းရှိ ဟားခါးမြို့ ရေပေးဝေရေး၊ လိုင်ဗားဆည်၊ ဖလမ်းမြို့လေယာဉ်ကွင်းနှင့် ရိရေကန် ကန်ရေအရည်အသွေး (Water Quality) များကို စူးစမ်းလေ့လာ သုတေသနပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရိခေါ်ဒါရ် ပြန်/ဆက်