မြောင်းမြ ၃၀ မေ
မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နွေရာသီ ကျောင်းပိတ်ရက်အတွင်း ကလေးများ စာကြည့်တိုက်တွင် ပျော်မွေ့စေရန်နှင့်စာဖတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်စေရန် ရည်ရွယ်၍ ယမန်နေ့ညနေ (၃) နာရီက လူထုအခြေပြုဗဟိုဌာန၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပခဲ့သည်။
ရှေးဦးစွာ Youth Club အဖွဲ့မှ ဦးစိုးမိုးအောင်က လူငယ်များ၏ မိုးကောင်းကင်စာအုပ်တွင်ပါရှိသည့် နန်းမိုခမ်းရေးသားသည့် "လူငယ်နှင့်ပရဟိတ" အကြောင်းအရာများအား ဖတ်ရှုဆွေးနွေးပေးခဲ့ပြီး ကလေးများမှလည်း တစ်ဦးချင်းစီ ပြန်လည်ဖတ်ရှုလျက် စာဖတ်စွမ်းရည် ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား မြောင်းမြခရိုင် ပြန်/ဆက်ဦးစီးမှူး ဒေါ်စန္ဒာမိုးက ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
စန္ဒာမိုး (ပြန်/ဆက်)