၃၀ မေ

မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Stephen Biegun သည် မြောက်ကိုရီးယား နျူကလီးယားအရေးနှင့် ပတ်သက်ပြီး ဂျပန် နှင့် တောင်ကိုရီးယားအထူ းကိုယ်စားလှယ်များနှင့် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

 

us1

 

Stephen Biegun  သည် မေလ ၃၁ ရက်နေ့မှ ဇွန် ၂ ရက်နေ့အထိ စင်ကာပူနိုင်ငံတွင်ကျင်းပမည့် Shangri-La ဆွေးနွေးပွဲအဖြစ် လူသိများကြသည့် အာဆီယံ လုံခြုံရေး အစည်အဝေးသို့ သွားရောက်မည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ယမန်နေ့က ပြောကြားခဲ့သည်။

Stephen Biegun  သည် ထိုအစည်းအဝေး ပြင်ပတွင် ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံမည်ဟု ၎င်းကဆိုသည်။

ထိုတာဝန်ရှိသူများမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာဆီယံနှင့် သမုဒ္ဒရာပိုင်းရေးရာဌာန အကြီးအကဲ Kenji Kanasugi နှင့် ကိုရီးယား ကျွန်းဆွယ် လုံခြုံရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ တောင်ကိုရီးယား အထူးကိုယ်စားလှယ် Lee Do-hoon တို့ ဖြစ်ကြသည်။

ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို