နေပြည်တော် ၃၀ မေ
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီစဉ်ထုတ်ဝေလျက်ရှိသည့် ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆)၊ အမှတ် (၁၁)ကို ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့တွင် ထုတ်ဝေဖြန့်ချိလိုက်ပြီ ဖြစ်သည်။
ယခုအပတ် ဒို့ကျေးရွာဂျာနယ်တွင် “မြန်မာ့ကန်ထရိုက်လယ်ယာစနစ်နှင့် မျိုးစေ့ထုတ်လုပ်ငန်းများ၏ စိန်ခေါ်မှုများ (ဆောင်းပါး)၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူထုအခြေပြုလေ့လာမှုစခန်း (အင်တာဗျူး)၊ တောင်သူများအား မိုးသီးနှံမျိုးစေ့များ ထောက်ပံ့ကူညီ၊ ဝက်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်စေရန် လိုက်နာရမည့် အချက်များ (ဆောင်းပါး)၊ အရိုးပွခြင်းနှင့် ခန္ဓာကိုယ်သန်စွမ်းမှု (ဆောင်းပါး)၊ ကျောင်းဖွင့်ချိန် အနာဂတ်ရင်သွေးငယ်များ၏ ပုံရိပ်ပန်းချီများ ဆရာကြီးလယ်တွင်းသားစောချစ်၏ “ဒုတိယအရွယ်” အခန်းဆက်ဝတ္တရှည်အပါအဝင်၊ စိုက်ပျိုးရေး မွေးမြူရေး၊ ကျန်းမာရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ သုတ/ ရသ ဆောင်းပါး၊ ကဗျာ၊ ဝတ္တု၊ ကာတွန်း၊ ကျေးလက်ဟာသများ၊ အနုပညာ၊ အားကစား၊ နိုင်ငံတကာသတင်း၊ မှုခင်းသတင်းများနှင့် မိုးလေဝသသတင်းများကို စုံလင်စွာဖော်ပြထားသည်။
ဒို့ကျေးရွာဂျာနယ်ကို တစ်စောင်လျှင် ၂၀ဝ ကျပ်နှုန်းဖြင့် အမြို့မြို့အနယ်နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများတွင် ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။
(သတင်းစဉ်)