နေပြည်တော်  ၃၀  မေ 


    
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ မြို့နယ်ပြန်ဆက်ဦးစီးမှူးရုံးတွင် ထန်တလန်မြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက မှုခင်းကျဆင်းရေးအသိပညာပေး ဟောပြောပွဲကို မေ ၂၉ ရက် မွန်းလွဲပိုင်းတွင် ကျင်းပသည်။ 


    
အဆိုပါဟောပြောပွဲ၌ ထန်တလန်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းနိုင် ဦးစီးသည့် တပ်ဖွဲ့ဝင် များနှင့် ပူးပေါင်းအဖွဲ့က မှုခင်းကျဆင်းရေး၊ မူးယစ်ဆေးဝါး အန္တရာယ်တားဆီး ကာကွယ် ရေး၊ လူကုန်ကူးမှု အန္တရာယ်တားဆီးကာကွယ်ရေး၊ သက်ငယ်မုဒိမ်းမှုမဖြစ်ပွားစေရေးတွက် မိဘ အုပ်ထိန်းသူများ သိသင့်သိထိုက်သည့် အကြောင်းအရာများ၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး အတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာ ပေးဟောပြောခဲ့ကြောင်း ရဲပြန်ကြားမှ သိရသည်။ 


 
MDN