မြောက်ဦး ၃၀ မေ 

 


ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ရှိ ခမီတိုင်းရင်းသားများနေထိုင်သော လောင်းရှည်ချောင်းကျေးရွာတွင်  ရိုးရာဓလေ့ဖြစ်သည့် ကောက်ဦးချပွဲတော်ကို ယနေ့နံနက် ၉ နာရီက စတင်၍ ကျင်းပခဲ့ကြောင်း သိရသည်။  

 

fet4

 


 “ ခမီတိုင်းရင်းသားရိုးရာပွဲဖြစ်တဲ့ ကောက်ဦးချပွဲတော်ကို နှစ်စဉ်နှစ်တိုင်း အစဉ်အလာမပျက် အမြဲ ကျင်းပဖြစ်ပါတယ်။ ခမီတိုင်းရင်းသားရိုးရာပွဲတော်များကို တစ်နှစ်မှာသုံးကြိမ်ကျင်းပပြီး ကဆုန်လမှာ ကောက်ဦး ချပွဲ၊ ဝါခေါင်လမှာ တောင်ယာဟင်းစားပွဲနဲ့ တန်ဆောင်းမုန်းလမှာ ကောက်သစ်စားပွဲတော်များကိုကျင်းပပါတယ်။ ကောက်ဦးချပွဲတော်ကျင်းပပေးခြင်းဖြင့် သီးနှံများအထွက်နှုန်းတိုးပေါကြွယ်ဝပြီး အနာရောဂါများ မကျရောက်နိုင် သလို ရှေးလူကြီးများ ယုံကြည်မှုအစဉ်အလာရှိပါတယ်”ဟု ခမီစာပေနှင့်ယဉ်ကျေးမှုဥက္ကဋ္ဌ ဦးလေကျော်အောင်က ပြောသည်။ 

 

fry6t

 


အဆိုပါ ကောက်ဦးချပွဲကို ခမီစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးလေကျော်အောင်မှ ဦးဆောင်ကြီးမှူး၍ ရိုးရာအစဉ်အလာကိုနားလည်သည့် ရပ်ရွာလူကြီးဖြစ်သူ ဦးရွှေသာအောင်မှ လယ်ပိုင်ရှင် ဦးဖြူထွန်း၏ လယ်ယာ မြေ ၂၀ ဧကထဲတွင် မျိုးစပါးများကိုကြဲပြီး သီးနှံများအထွက်တိုးအောင် ဆုတောင်းခြင်းများပြုလုပ်ကြောင်း သိရ သည်။ 

 

ui87

 


ကောက်ဦးချပွဲတော်သို့ လောင်းရှည်ချောင်းကျေးရွာနေ ခမီတိုင်းရင်းသား ၅၀ ကျော်တက်ရောက်ပြီး တပျော်တပါးခေါင်ရည်သောက် လက်ဆုံထမင်းစားသောက်ကာ မှတ်တမ်းတင် အမှတ်တရဓါတ်ပုံများ ရိုက်ကူးခဲ့ ကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။

 

MDN