မိုင်းဆတ် ၃၀ မေ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်၌ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ အသက်မွေးဝမ်းကြောင်းဆိုင်ရာ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နိုင်ရေး ဒေသဝက်ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို လွယ်ဆောင်ကျေးရွာအုပ်စု၊ ဘာထန်ကျေးရွာတွင် မေ ၃၀ ရက် နေ့လယ် ၃ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးမှူး ဦးနိုင်ထွန်းဦးက ဒေသဝက်များထောက်ပံ့ပေးရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြား သည်။ ထို့နောက် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာစောထက်ဝင်းက ပေးအပ်ထားသော တိရစ္ဆာန်များ၏ကျန်းမာရေးစောင့်ရှောက်မှုနှင့် စပ်လျဉ်း၍ရှင်းလင်းပြောကြားသည်။ ယင်းနောက် အိမ်ထောင်စု(၅၀) ထံသို့ ဒေသဝက် (၁)ကောင်စီအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးနှင့် တာဝန်ရှိသူများက ဒေသခံပြည်သူများ ထံသို့ပေးအပ်ခဲ့ပြီး ကျန်းမာရေးဝန်ဆောင်မှုများကိုလည်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း