မောင်တော ၃၀ မေ
ရခိုင်ပြည်နယ် မောင်တောမြို့၌ ရောက်ရှိနေသည့် ပြည်တွင်းပြည်ပသတင်းမီဒီယာ များပါဝင်သောသတင်းအဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် မောင်တောမြို့နယ် ဂုံးနားကျေးရွာရှိ ရွှေဇားကပ္ပကောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ကျေးရွာအတွင်းရှိ လူမှုအသိုက်အဝန်းများနှင့် တွေ့ဆုံသတင်းရယူကြသည်။

ဆက်လက်၍ သတင်းအဖွဲ့သည် ဂုံးနားကျေးရွာနှင့် အောင်ဗလကျေးရွာ အတွင်း လေ့လာသတင်းရယူကြသည်။
ထို့နောက် သတင်းအဖွဲ့သည် မောင်တောမြို့မှ စစ်တွေမြို့သို့ ရောက်ရှိကြပြီး ညနေပိုင်းတွင် မြန်မာအမျိုးသားလေကြောင်းဖြင့် ရန်ကုန်မြို့သို့ပြန်လည်ထွက်ခွာသွားကြသည်။
(သတင်းစဉ်)