အမေရိကန်ပြည်ထောင်စုသည် ဇွန်လ ၁၀ရက်နေ့မှစပြီး မက္ကဆီကိုပို့ကုန်များအပေါ် စည်းကြပ်ခွန် ၅ ရာခိုင်နှုန်း တိုးမြင့်မည်ကောက်ခံမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားလိုက်သည်။ အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်လာသည့် တရားမဝင် ရွှေ့ပြောင်းသွားလာသူများကို ဟန့်တားနိုင်စွမ်းမရှိကြောင်း ၄င်းက ဆိုသည်။ 

 

တရားမဝင် ဝင်ရောက်လာသူများကို တားဆီးရန်အတွက် မက်ဆီကန်ပို့ကုန် တင်သွင်းမှုအပေါ် ၅ ရာခိုင်နှုန်း ထပ်တိုးမည်ဖြစ်ကြောင်း ၄င်းက ပြောကြားလိုက်သည်။ 

 

အခြေအနေ မတိုးတက်လာပါက တစ်လလျင် ၅ ရာခိုင်နှုန်း တိုးမြှင့်သွားမည်ဖြစ်ကာ  အောက်တိုဘာလ ၁ ရက်နေ့တွင် ၂၅ ရာခိုင်နှုန်းအထိ တိုးမြင့်ကောက်ခံသွားမည်ဟု ထရန့်သည် ကြာသပတေးနေ့က ထုတ်ပြန်ချက်အတွင်း ပြောကြားသည်။ 

 

ပြီးခဲ့သည့်နှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း တရားမဝင်ပြောင်းရွှေ့သွားလာသူ ၃၀ဝ၀ဝ၀ ကို ထိန်းသိမ်း ခဲ့ကြောင်း အမေရိကန် နယ်စပ်အာဏာပိုင်များက ပြောကြားသည်။ အဆိုပါ ကိန်းကဏန်းများသည် ပြီးခဲ့သည့်ကထက် နှစ်ဆပိုများပြားနေသည်ဟု ဆိုသည်။ ဟွန်ဒူးရပ်စ်၊ ဂွာတီမာလာနှင့် အယ်ဆာဗေဒို အစရှိသော ဗဟိုအမေရိကနိုင်ငံများမှ လူအများအပြားသည် အကြမ်းဖက်မှုများနှင့် ဆင်းရဲမှုများကြောင့် ထွက်ပြေးလာကြခြင်းဖြစ်သည်။ 

 

နိုင်ငံတကာအရေးပေါ် စီးပွားရေးလုပ်ပိုင်ခွင့်အာဏာ အက်ဥပဒေများအပေါ် အခြေခံပြီး အကောက်ခွန် တိုးမြှင့်ခြင်းဖြစ်ကြောင်း ထရန့်က ပြောကြားခဲ့သည်။ 

 

အမေရိကန်က စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံပါက ခိုင်မာသော အရေးယူမှု လုပ်ဆောင်မည်ဖြစ်ကြောင်း မက္ကဆီကို  နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးကို ကိုးကား၍ မီဒီယာများက ကြာသပတေးနေ့တွင် ဖော်ပြထားသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်