ရုရှားနိုင်ငံသည် လက်နက်သစ်များ ထုတ်လုပ်ရန် လျှို့ဝှက်စွာဖြင့် ပြင်းအားနိမ့် နျူကလီးယားစမ်းသပ်မှုများ လုပ်ဆောင်ခဲ့ဖွယ်ရှိကြောင်း အမေရိကန်ပြည်ထောင်စု၏ စွပ်စွဲချက်များကို ရုရှားနိုင်ငံခြား ရေးဝန်ကြီးဌာနက ပြတ်သားစွာ ပယ်ချခဲ့သည်။ 

 

mdn


ရုရှားနိုင်ငံသည် အာတိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းစုတစ်ခုဖြစ်သော နိုဗာရာဇမ်ညာ၌ စမ်းသပ်မှုများ ပြုလုပ်နေဖွယ်ရှိကြောင်း ဗုဒ္ဓဟူးနေ့က အမေရိကန်ထောက်လှမ်းရေးဌာန၏ ဆန်းစစ်ချက်တစ်ခုကို ကိုးကား၍ The Wall Street Journal က ဖော်ပြခဲ့ခြင်းဖြစ်သည်။ 

 

အဆိုပါ စွပ်စွဲချက်များသည် အခြေအမြစ်မရှိကြောင်းနှင့်တိုင်းပြည်သိက္ခာကိုချရန် ရည်ရွယ်နေခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောကြားသည်။ 

 

၂၀ဝ၀ ခုနှစ်တွင် အတည်ပြုသော နျူကလီးယားစမ်းသပ်မှု ပိတ်ပင်တားဆီးရေးစာချုပ်ကို အမေရိကန် ပြည်ထောင်စုက အတည်ပြုခြင်းမရှိသောကြောင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဝေဖန်ခဲ့သည်။
 

အဆိုပါကြေညာချက်က တာဝန်ယူသော ချည်းကပ်မှုတစ်ခုပြုလုပ်ရန်နှင့် စာချုပ်ကို အတည်ပြုပေးရန် အမေရိကန်ပြည်ထောင်စုအား တိုက်တွန်းခဲ့သည်။ 

 

အမေရိကန်ပြည်ထောင်စုနှင့်ရုရှားနိုင်ငံတို့သည် တာလတ်နျူကလီးယားတပ်ဖွဲ့များစာချုပ်ချုပ်ဆိုရန် သို့မဟုတ် အဓိကမှာ နှစ်နိုင်ငံလက်နက်လျော့ချရေးအတွက် စာချုပ်ကနေ နုတ်ထွန်ရန်အတွက် ၄င်းတို့၏ ရည်ရွယ်ချက်များကို ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ သဘောတူစာချုပ်မှာ သြဂုတ်လအတွင်း ကုန်ဆုံးမည်ဖြစ်သည်။ 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်