ချောင်းဦး ၁ ဇွန်   


      
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ချောင်းဦးတောင်ကျေးရွာအုပ်စုရှိ တောင်သူ ဦးဝင်းမြင့် ၏ ကွင်းအမှတ်(၁၉၈၅)တွင် စိုက်ပျိုးထားသော မိုးကြိုးပဲတီစိမ်းမျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်ကို  ဇွန်  ၁  ရက်  နံနက် (၈)နာရီအချိန်က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

 

ကွင်းဆင်းရာတွင် ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးက မိုးကြိုး ပဲတီစိမ်းမျိုး (YM-14-M1 Y 11-6)၊ (YM-14-M1 Y 11-8)၊ (YM-13-M1413-9)၊ (ရေဆင်း-၁၁) ၊ (ရေဆင်း-၁၄) နှင့် (ဒေသမျိုး) တို့ကို တစ်မျိုးလျှင် (ဝ.၁၀)ဧကတို့အား ကွင်းဆင်းစစ်ဆေး၍ စမ်းသပ်စိုက်ပျိုးထားသည့် ပဲတီစိမ်းမျိုးများ၏ အပင်ဖြစ်ထွန်းမှု လက္ခဏာများနှင့် အထွက်နှုန်းမိတ်ဖက် လက္ခဏာများအား မှတ်တမ်းကောက်ယူခြင်း၊ တောင်သူများအား မျိုးကောင်းမျိုးသန့် သုံးစွဲရေး နည်းပညာပေးဆွေးနွေးခြင်း လုပ်ငန်းများကို တက်ရောက်လာကြသည့် ချောင်းဦးတောင်ကျေးရွာအုပ်စုရှိ တောင်သူများအား အသေးစိတ်ရှင်းလင်းဖြေကြားခဲ့သည်။

 

ကွင်းဆင်းရာသို့  မြို့နယ်စိုက်ပျိုးရေးဦးစီမှူး ဒေါ်ခင်မြတ်မြတ်ဦးနှင့် ဝန်ထမ်းများ၊ ချောင်းဦးတောင်ကျေးရွာ အုပ်စုရှိ တောင်သူ(၅၇)ဦး တက်ရောက်ကြောင်း သိရှိရသည်။

 

အိအိအောင် (ချောင်းဦး)

 

IMG-2e6