မိုးနဲ ၁ ဇွန်          

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် လွှတ်တော်ဆိုင်ရာ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်ငါးသန်းနှင့် လွိုင်မြေရပ်ကွက် ရန်ကြီးအောင်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ စီမံကြီကြပ်မှုဖြင့် ဆောင်ရွက်ပေးခဲ့ရာ လမ်းလုပ်ငန်းရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါလမ်းကို လွှတ်တော်ဆိုင်ရာ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်ငါးသန်းနှင့် လမ်းအရှည်ပေခြောက်ရာကို ကျောက်ချောလမ်း ခင်းရန်ဖြစ်သော်လည်း ဒေသခံပြည်သူပူးပေါင်းပါဝင်မှု၊ ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီ၏ ကတ္တရာ ထောက်ပံ့မှုဖြင့် လမ်းအရှည် ပေ ၆၀ဝ အကျယ် ၁၂ ပေကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းဖြစ်ပြီး  မြို့လူထုများအနေဖြင့် ညီညာသော ကတ္တရာလမ်းကို စိတ်ချမ်းသာစွာ အသုံးပြုနိုင်ကြပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

 

မြို့နယ်(ပြန်/ဆက်)

 

ge IMG_2