စစ်ကိုင်း ၂ ဇွန်

စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာကောင်းမှုတော်စေတီတော် အဖြူရောင်ဆေးသင်္ကန်း ကပ်လှူရန် နှစ်ထပ်ကျန်ရှိနေရာမှ ယမန်နေ့မှစတင်၍ ဆေးဖြူသင်္ကန်း ကပ်လှူပူဇော်ခြင်းလုပ်ငန်းကို ပြန်လည်စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း တာဝန်ယူလုပ်ဆောင်နေသည့် အောင်ပြည်တန် ကုမ္ပဏီမှ သိရသည်။

 

3213

 

ကောင်းမှုတော်စေတီတော်အား ဆေးဖြူသင်္ကန်းပြန်လည် စတင်ကပ်လှူရန်အတွက် (Safety) လုပ်ငန်းဖြစ်သော Life Line များကို မေ ၃၁ ရက်တွင် စေတီတော်ကြီးပေါ် တပ်ဆင်ခြင်းလုပ်ငန်း ပြုလုပ်ခဲ့ပြီး ဇွန် ၁ ရက်တွင် ဆေးဖြူသင်္ကန်းကပ်လှူခြင်း ပထမအဆင့်အနေဖြင့် စေတီတော်ကြီးအား ရေဖြင့်ဆေးကြောသပ္ပါယ်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း အောင်ပြည်တန် ကုမ္ပဏီမှ ဆေးသုတ်အဖွဲ့ခေါင်းဆောင် ကိုဖြိုးသက်နိုင်က ပြောသည်။

 

6420

 

"ပထမအကြိမ်က  တပေါင်းလပြည့်နေ့ မတိုင်မီပြီးစီးခဲ့တာပါ။ ဆေးအခြောက်ခံတဲ့သဘောနဲ့ စည်တော်ကြီးပင့်ဆောင်ပွဲ ရှိတာကြောင့် ရပ်နားထားခဲ့တာပါ။ အဖြူဆေးနှစ်ထပ်သုတ်ဖို့ ကျန်သေးတယ်။ အခုကျန်တဲ့ နှစ်ထပ်သုတ်ဖို့ ပထမအကြိမ် သုတ်ပြီးသားဆေးပေါ်မှာ တင်နေတဲ့ ဖုံနဲ့ချေးတွေကို ရေသပ္ပါယ် သန့်ရှင်းပါ့မယ်။ ဆက်လက်ပြီး ဒုတိယအကြိမ် အီတလီနိုင်ငံလုပ် ဆေးတစ်ထပ်သုတ်ပါမယ်။ ဒါပြီးရင် နောက်ဆုံးတစ်ထပ်သုတ်ပါ့မယ်။ အခုဟာက အပြီးသတ်လုပ်ငန်းဆိုတော့ ဆေးဖြူသင်္ကန်းသုတ်လုပ်ငန်းကို အကောင်းဆုံးကပ်လှူမှာပါ။ ဆေးသုတ်လုပ်ငန်းအနေနဲ့ တစ်လလောက်ကြာပါမယ်''ဟု ၎င်းကပြောသည်။

 

20253

 

ကောင်းမှုတော်စေတီတော်ကြီး ရွှေဆေးသင်္ကန်းမှ အဖြူရောင်ဆေးသင်္ကန်း ပြောင်းလဲကပ်လှူရန်အတွက် လုပ်ငန်းများကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်ကစတင်၍ အောင်ပြည်တန်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခဲ့ရာ လက်ရှိတွင် လုံးတော်ပြည့် အောက်ခံအဖြူရောင် ဆေးသင်္ကန်းကပ်လှူပူဇော်မှု ပြီးစီးခဲ့ပြီဖြစ်ကြောင်း၊ ထိုအဖြူရောင်ဆေးသင်္ကန်း ကပ်လှူပြီးစီးခဲ့သော ကောင်းမှုတော်စေတီတော်ကို မတ် ၂၀ ရက်က သံဃာတော်အပါး ၁၀ဝ၀ ဖြင့် အနေကဇာတင်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

ကိုမင်း(အင်းတော်)