စစ်တွေ  ၂  ဇွန် 

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားကျန်းမာရေးကွန်ရက်(အခမဲ့) နယ်လှည့် ဆေးကုသရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သည့် ဆေးကုသရေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ အထွေထွေရောဂါကုဆေးရုံကြီး (ခုတင် - ၅၀ဝ) ၌ ဒုတိယနေ့ အခမဲ့ဆေးကုသရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သည်။

 

ယင်းနောက် အဖွဲ့ခေါင်းဆောင် ဒေါက်တာတင်မျိုးဝင်း၊ ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ကလေးအထူးကု၊ သားဖွားနှင့် မီးယပ်၊ အရေပြား၊ မျက်စိ၊ သွားနှင့်ခံတွင်း၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ အပ်စိုက်၊ ဓာတ်မှန်၊ ခွဲစိပ်နှင့် အထွေထွေရောဂါကုဌာနများ၌ ဆေးကုသမှုခံယူနေကြသူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့လှူဒါန်းသည်။

 

ထို့နောက် အဖွဲ့ခေါင်းဆောင် ဒေါက်တာတင်မျိုးဝင်းနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့သည် ဆေးရုံအုပ်ကြီးရုံးခန်း၌ ပြည်နယ်ဝန်ကြီးများ၊ အခမဲ့နယ်လှည့်ဆေးကုသရေး အဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး အဖွဲ့ခေါင်းဆောင် ဒေါက်တာတင်မျိုးဝင်း က အခမဲ့နယ်လှည့်ဆေးကုသခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ်ဝန်ကြီးများက အခမဲ့ နယ်လှည့်ဆေးကုသရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာတင်မျိုးဝင်းနှင့် အဖွဲ့ဝင်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ကြသည်။

 

ဇွန် ၁ ရက်မှ ၂ ရက်အထိ အဆိုပါ အခမဲ့နယ်လှည့်ဆေးကုသရေးအဖွဲ့သို့ လာရောက်ဆေးကုသမှုခံယူသူ ဦးရေ  ၁၁၂၄ ဦးရှိပြီး ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဌာနမှလည်း စားသောက်ဖွယ်ရာများလှူဒါန်းခဲ့ကြောင်း သိရသည်။ 

 

(သတင်းစဉ်)

 

DSC0