နေပြည်တော်  ၂   ဇွန် 

 

အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် လူငယ်ထုပါဝင်ဆောင်ရွက်နိုင်ရေးနှင့် လူငယ်များ အကြားတွင် ဖြောင့်မတ်တည်ကြည်မှု မြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ “ဖြောင့်မတ်တည် ကြည်မှု” လူငယ်စခန်း ၂၀၁၉ (Youth Integrity Camp 2019) ကို နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်းတွင်  ဇွန် ၃ ရက်မှ ၇ ရက်အထိ (၅)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ရာ လူငယ် စခန်းသို့ တက်ရောက်ကြမည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများသည် တည်းခို နေထိုင်မည့် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းသို့ ယနေ့ညနေပိုင်းတွင် ရောက်ရှိကြသည်။

 

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး (UNODC)၏ နည်း ပညာအကူအညီဖြင့် ဤစခန်းအစီအစဉ်ကို ဖွင့်လှစ်ခြင်းဖြစ်ပြီး ပညာရေး ဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ်(၁၄)ခုမှ ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၁၂၉)ဦးတို့ တက်ရောက်ကြမည်ဖြစ်သည်။

 

အဆိုပါ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများကို နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း၊ Gold Medal Hall တွင် ကော်မရှင်အတွင်းရေးမှူးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ညွှန်ကြားရေးမှူးချုပ် ဦးထင်ကျော်က စခန်းဝင်ချိန်(၅)ရက်အတွင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍  ရှင်းလင်းပြောကြားသည်။

 

အဆိုပါလူငယ်စခန်း၌ လူငယ်ထုအတွင်းဖြောင့်မတ်တည်ကြည်မှုဆိုင်ရာ အသိပညာပြန့်ပွား ရေးနှင့် အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းဆောင် ရွက်မှုများ၊ အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့အစည်းများနှင့် အပြည်ပြည် ဆိုင်ရာ ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ကွန်ဗင်းရှင်း(UNCAC)နှင့် ပတ်သက်၍ သိမှတ်ဖွယ်ရာများကိုပြည်တွင်း/ ပြည်ပပညာရှင်များကနေပြည်တော် သင်္ဂဟဟိုတယ်တွင်လည်း ကောင်း၊ သင်တန်းသားများ တစ်ဦးချင်းနှင့်အဖွဲ့လိုက် လက်တွေ့လှုပ်ရှားဆောင်ရွက်ခြင်းများကို နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း၊ Gold Medal Hall တွင်လည်းကောင်း လေ့ကျင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


  
(သတင်းစဉ်)

 

age DSC_8