စစ်တွေ ၂  ဇွန်  

 

၂၀၁၉ ခုနှစ် (၁၆) ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့်ရခိုင်ပြည်နယ်မှ အောင်ပွဲရအားကစား သမားများအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် စစ်တွေမြို့ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု  တက်ရောက်၍ ဂုဏ်ပြုအမှာ စကားပြောကြားသည်။

 

ထို့နောက် (၁၆) ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲတွင်ဆုရရှိခဲ့ကြသူများက အားကစားပြိုင်ပွဲပြကွက်များကို သရုပ်ပြတင်ဆက်ကြသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု က အရှေ့တောင်အာရှ ကာယ ဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲ ၈၀ ကီလိုတန်းတွင် ပထမဆုရရှိခဲ့သူ မောင်ခင်မောင်ကျော်၊ ၆၅ ကီလိုတန်းတွင် တတိယဆုရရှိခဲ့သူ မောင်ဇော်သိန်းနိုင် နှင့် ၆၅ ကီလိုတန်းတွင် တတိယဆုရရှိခဲ့သူ မောင်သန်းနိုင် တို့အားဂုဏ်ပြု ဆုငွေများပေးအပ်ချီးမြှင့်ပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်ချီးမြှင့်သည်။

 

ဆက်လက်၍ ပြည်နယ်လှူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာနှင့် ပြည်နယ် ကာယဗလ ဥက္ကဋ္ဌ ဦးသိန်းရွှေ တို့က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ 

 

(သတင်းစဉ်)