ခင်ဦး ၃ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် ထနောင်းကိုင်းကြီး ကျေးရွာနေ ဦးပြူး ၂၅ နှစ် သည် ဇွန် ချောင်းကမ်းပါးဘေးရှိ ယာကွက်ထဲတွင် ထယ်ထိုးနေစဉ် ဇွန် ၂ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က လက်ပစ်ဗုံးဟောင်း တစ်လုံးတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ပစ်ဗုံးဟောင်းတစ်လုံးတွေ့ရှိကြောင်း သတင်းအရ ရွှေဘိုအမှတ်(၄) စစ်သားစုဆောင်းရေးတပ်မှ နယ်မြေတာဝန်ခံ ဗိုလ်ကြီးအောင်မျိုး၊ ကုန်းကြီးရဲကင်းစခန်းမှူး ဒုရဲအုပ်ထွန်းလင်းတို့အဖွဲ့နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်းတို့ ပူးပေါင်း၍ သွားရောက်စစ်ဆေးရာလက်ပစ်ဗုံးမှာ အချင်း ၂ လက်မ၊ လုံးပတ် ၁ လက်မခွဲရှိ သံချေးတက်နေသော လက်ပစ်ဗုံးဟောင်းတစ်လုံးဖြစ်ပြီး ၎င်းလက်ပစ်ဗုံးကို ရွှေဘိုမြို့နယ်ရှိ နယ်မြေခံတပ်ရင်းသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ချစ်စံ(ခင်ဦး)


