စလင်း  ၃   ဇွန် 

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း မေ ၃၀ ရက်က လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်ပြိုခြင်းနှင့် အမိုးလန်ခြင်းများ ဖြစ်ပေါ်ကာ ပျက်စီးခဲ့သည့်အတွက် တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ပြုလုပ်ခဲ့ သည်။

 

2

 

ထိုပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းဆက်က ထောက်ပံ့ငွေနှင့်ကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး လေပြင်းတိုက်၍ ပျက်စီးသွားသည့် ရပ်ကွက် (၁)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၁)အုပ်စု၊ ကျေးရွာ(၂၄)ရွာတို့မှ အမိုးလန်အိမ်ခြေ (၁၂၄) အိမ်အတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် ၃၀ဝ၀ဝ နှင့် ဆန်ရိက္ခာဖိုးငွေ လူတစ်ဦးလျှင် (၇)ရက်စာ ငွေကျပ် ၂၁၀ဝ၊ ပြိုကျ အိမ်ခြေ(၁၃)အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁)အိမ်လျှင် ငွေကျပ် ၁၀ဝ၀ဝ၀၊ ဆန်ရိက္ခာဖိုးငွေ လူတစ်ဦးလျှင်(၇)ရက်စာ ငွေကျပ် ၂၁၀ဝ၊ ကယ်ဆယ်ရေးပစ္စည်း(၁)အိမ်လျှင်(၁၅)မျိုး၊ ဘုန်းတော်ကြီး ကျောင်း(၁) ကျောင်းအတွက် ထောက်ပံ့ငွေကျပ် ၁၀ဝ၀ဝ၀ နှင့် တန်ဆောင်း(၁)ဆောင်လျှင် ထောက်ပံ့ငွေ ၅၀ဝ၀ဝ တို့ကို တာဝန်ရှိသူများက ပေးအပ်ရာ ဖြစ်စဉ်အတွင်းပါဝင်သော မိသားစုဝင်များက လက်ခံရယူ ခဲ့ကြောင်း စလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရှိရသည်။

 

MDN