အိမ်မဲ ၃ ဇွန် 

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ အထက(၁)ရွေညီလာခန်းမတွင် အခြေခံပညာကျောင်း များအား ပြင်ပသုံးအားကစားပစ္စည်း(Outdoor Fitness) များ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဇွန်လ ၁ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

 

3

 

အဆိုပါ အခမ်းအနားတွင် အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာက အဖွင့်အမှာစကားပြော ကြားခဲ့ပြီး မြို့နယ်ပညာရေးမှူးဆရာမကြီး ဒေါ်မေလွင်လွင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက် ပြင်ပသုံး အားကစားပစ္စည်း(Outdoor Fitness) များကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေး မှူး ဦးလှမင်းသူ၊ ပညာရေးမှူးဆရာမကြီး၊ မြို့နယ်အားကစားမှူး ဦးတင်မျိုးလွင်တို့က လွှဲပြောင်းပေးအပ်ခဲ့ရာ အထက (၁) အိမ်မဲ၊ အထက (၂)အိမ်မဲ၊ အထက ကြို့ကုန်း၊ အထက ရွာသစ်၊ အထက လူကောင်းကျွန်း၊ အထကဘုရားကြီးကုန်း၊ အထက တကူဆိပ်၊ အထက ကျံတလုတ်၊ အထက ဝါးတလုတ်ကမ်းနီ၊ အထက(ခွဲ) တကော၊ အထက(ခွဲ) ရုံးတော၊ အထက(ခွဲ) ကြခတ်ကွေ့၊ အထက(ခွဲ) သရက်ပင်ကွင်း၊ အထက(ခွဲ) ကံကုန်း၊ အထက(ခွဲ) ရှမ်းကွင်းသူဌေးကုန်း ကျောင်းတို့ကတာဝန်ရှိသူ အသီးသီးက လက်ခံယူခဲ့ကြောင်းသိရသည်။

 

ချစ်သက်လယ်(အိမ်မဲ)