နောင်ချို ၃  ဇွန်    

၂၀၁၉ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် (၂၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကွန်ပျူတာပန်းချီ၊ ကာတွန်း၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က နောင်ချိုမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ သိရသည်။

 

0833


    
ပြိုင်ပွဲတွင် ပြိုပွဲဝင်ဆောင်ပုဒ်များဖြစ်သည့် "အနာဂတ်ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ် ကာကွယ်စို့"၊ ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ မူးယစ်ရန်မီးငြိမ်းသတ်စို့" "နိုင်ငံကိုချစ် လူမျိုးချစ် မူးယစ်မှန် သမျှတိုက်ဖျက်ပစ်" ခေါင်းစဉ်များဖြင့် အထက်ဆင့် ကွန်ပျူတာပန်းချီ (၆)ဦး၊ ထက်၊လယ်၊မူ ပန်းချီ(၁၉) ဦး၊ ထက်၊လယ်၊မူ ကာတွန်း(၈)ဦး၊ ထက်၊လယ်၊မူ ပိုစတာ(၆)ဦး စုစုပေါင်း(၃၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

 

1556

 

ပြိုင်ပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးလင်းအောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲအုပ်ဆန်းဦး၊ မြို့နယ်ပညာရေးမှူး ဒေါ်မီမီကျော်၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်သန်းသန်းထွေးတို့မှ အားပေးကြည့်ရှု့ခဲ့ကြကာ ကြီးကြပ်ရေးမှူး ဆရာ/မများက ပြို့ပွဲစည်းကမ်းနှင့်အညီ ကြီးကြပ်ခဲ့ကြသည်။

MDN