မန္တလေး ၃ ဇွန်
၂၀၁၉-၂၀၂၀ ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ချမ်းမြသာစည်မြို့နယ်ရှိ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)တွင် ကျင်းပရာ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် တက်ရောက်အားပေး၍ ဂုဏ်ပြုစကား ပြောကြားခဲ့သည်။

ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က အမှာစကားပြောကြား သည်။ ယင်းနောက် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင် အလှူရှင်များက အလှူငွေကျပ် စုစုပေါင်း ငွေကျပ် သိန်း၄၀ဝကျော်တို့ကို ပေးအပ်လှူဒါန်းကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိ သူများက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွာများပြန်လည်ပေးအပ်ခဲ့ကြသည်။
အခမ်းအနားအပြီးတွင် ဝန်ကြီးချုပ်lဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ခန်းမတွင် ပြသထားသော အားကစားပစ္စည်း အမျိုးအစားအလိုက်အထောက်အကူပြု ပစ္စည်းများကို လိုက်လံကြည့်ရှုပြီး အားကစားသမားများကို အားပေးစကား ပြောကြားခဲ့ကြောင်းသိရသည်။
တင်မောင် (မန်းကိုယ်ပွား)