၃ ဇွန်
အမေရိကန်ပြည်ထောင်စုသည် မည်သည့်ကြိုတင်စည်းကမ်းချက်များမှ မသတ်မှတ်ပဲ အီရန်နိုင်ငံနှင့် ဆွေးနွေးမှု များပြုလုပ်ရန် ပြင်ဆင်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောကြားသည်။
တနင်္ဂနွေနေ့က ဆွစ်ဇာလန်နိုင်ငံတွင် ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်း အီရန်နိုင်ငံနှင့် တတ် နိုင်သမျှ စော၍ တွေ့ဆုံနိုင်ရေးအတွက် အပြုသဘောဆောင်သည့် ရပ်တည်ချက်ကို ပွန်ပီယိုက ရိုးတိုးရိပ်တိပ် ပြောခဲ့သည်။
သို့သော်လည်း အီရန်နိုင်ငံအပေါ် ဖိအားပေးမှု ဆက်လက်ထားရှိမည့် အမေရိကန်ပြည်ထောင်စု၏ မူဝါဒကို ပွန်ပီယိုက အလေးထားပြောဆိုခဲ့သည်။ တော်လှန်ရေး စောင့်တပ်ဖွဲ့များနှင့် အီရန်အစိုးရ၏ လှုပ်ရှားမှုကို ပြောင်းပြန်လှန်ပစ်မည်ဟု ၄င်းက ပြောကြားသည်။
နှစ်နိုင်ငံကြား အမြင်မတူညီမှုများ ရှိနေခြင်းကြောင့် ပွန်ပီယို၏ တိုက်ရိုက်တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းမှုကို အီရန်နိုင်ငံ တာဝန်ရှိသူများက ငြင်းပယ်ခဲ့သည်။
အမေရိကန်ပြည်ထောင်စုသည် အီရန်နိုင်ငံအပေါ် ဖိအားများမှာ ဆက်လက်တည်ရှိနေဖွယ် ရှိသောကြောင့် ဆွေးနွေးပွဲမှာ ပြုလုပ်နိုင်ဖွယ်မရှိကြောင်း US network ABC News နှင့်ပြုလုပ်သည့် အင်တာဗျူးတွင် အီရန် နိုင်ငံခြားရေးဝန်ကြီး ဂျာရတ် ဇာဖရီက ပြောကြားခဲ့သည်။
အီရန်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့ကြား စေ့စပ်ညှိနှိုင်းသူတစ်ဦးအဖြစ် ဆောင်ရွက်လိုသည့် စိတ်အား ထက်သန်မှုကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဖော်ပြခဲ့သည်။ ဇွန်လလယ်တွင် အီရန်နိုင်ငံသို့ သွားရောက်မည့် အပြီးသတ်အစီအစဉ်များကို စီစဉ်လျက်ရှိသည်ဟု ဆိုသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်