တောင်တွင်းကြီး ၃ ဇွန်
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်၌ (၂၀၁၈-၂၀၁၉) ဘဏ္ဍာရေးနှစ် ကျေးလက်လမ်းဦးစီး ဌာနမှ တင်ဒါအောင်မြင်သော ပြည်ဟိန်းကုမ္ပဏီမှ ဆောင်ရွက်သည့် ပင်တိုင်-မန်ကျည်းကုန်းလမ်း၊ ကျောက်ချောခင်းခြင်းလုပ်ငန်း စတင်ဆောင်ရွက်နေခြင်းအား ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်(ခ)ဦးလှိုင်လှိုင်နှင့် တာဝန်ရှိသူများ၊ကျေးရွာအုပ်ချုပ်ရေးမှူး ၊လမ်းဖြစ်မြောက်ရေးကော်မတီဝင်များ၊ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
နိုင်ဝင်း(ပြန်/ဆက်)