လားရှိုး  ၃ ဇွန် 

 

ကမ္ဘာလုံးဆိုင်ရာ စက်ဘီးစီးနေ့အထိမ်းအမှတ် ဒုတိယအကြိမ်အား လားရှိုးမြို့၌ ဇွန်လ (၃)ရက် နံနက်(၅)နာရီခွဲက ကျင်းပြုလုပ်ခဲ့သည်။ 

 

1

 

လားရှိုးမြို့နယ် စည်ပင်သာယာရုံးရှေ့စုရပ်မှ စတင်ပြီး တက္ကသိုလ်လမ်း၊ ဘူတာလမ်း၊ လေယာဉ်ကွင်း လမ်းမကြီးအတိုင်း စီနင်းကြပြီး ပြည်ထောင်စုဘော်လုံးကွင်း၌ ပန်းဝင်ရပ်သတ်မှတ်လျက် စီးနင်းကြရာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးစက်ဘီးချစ်သူများအဖွဲ့၊ တွဲဖက်ပြည်နယ်အဆင့် ဌာနဆိုင်ရာများပါဝင်လျက် လူမှုကူညီရေးအသင်းများ၊ လားရှိုးယာဉ်မှထိန်းရဲတပ်ဖွဲ့တို့က ပါဝင်ကူညီပေးခဲ့ကြပြီး စုစုပေါင်းအင်အား ၁၀ဝ ခန့် ပါဝင်စီးနင်းခဲ့ကြသည်။

 

2

 

တိုက်ဂါးဘမ်း  တိုင်းရင်းဆေးဝါးကုမ္ပဏီက စက်ဘီးစီးနင်းသူများအတွက် T shirts အကျီများ၊ လိမ်းဆေးများကို ကူညီပံ့ပိုးပေးထားပြီး ကောက်ညင်းပေါင်းနှင့် အကြော်များကို လားရှိုးစက်ဘီးချစ်သူများအဖွဲ့ကလည်း ပါဝင်လှူဒါန်းဒါနပြုကြကြောင်း သိရသည်။

 

ဟန်ဌေး(လားရှိုး)

 

3