နေပြည်တော် ၃ ဇွန်
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး Mr. Lee Sanghwa နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံတို့အကြား ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ကိုရီးယားသမ္မတနိုင်ငံဘက်မှ ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသော နံရံဆေးရေးပန်းချီများ ပြန်လည်ထိန်းသိမ်းရေး၊ တရားဝင်ပေးအပ်သည့် ODA Project ဖြစ်သော Culture Master Plan နှင့်ပတ်သက်၍ အကူအညီပေးနေသည့်ကိစ္စ၊ ပုဂံမြို့ရှိ ဘုရားသုံးဆူ ဘုရားအား 3D scanဖြင့် ဘုရား၏ ဖွဲ့စည်းပုံဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမည့် လုပ်ငန်းများ ဆောင်ရွက်ရန် ကူညီပေးခဲ့မှု၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ရုံးခွဲ၌ ထိန်းသိမ်းထားသည့် အရေးကြီးသော မှန်ပြားဖလင်များကို Digitization ဆောင်ရွက်ပေးခဲ့သည့်ကိစ္စ၊ ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာနယ်ပယ်တွင် အပြန်အလှန်ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စ၊ ရှေ့ဆက်လက်ပြီး နှစ်နိုင်ငံအကြား သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များကို ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးတို့နှင့်ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)
