နေပြည်တော်  ၃  ဇွန် 

 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံအမတ်ကြီး Mr. Lee Sang-hwa အား ယနေ့မွန်းလွဲ ၄ နာရီတွင် နေပြည်တော်ရှိလွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာ-ကိုရီးယား နှစ်နိုင်ငံအစိုးရအချင်းချင်း၊ လွှတ်တော် အချင်းချင်း ချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မြဲရေး၊ ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအပြင် လွှတ်တော်ရေးရာလုပ်ငန်းစဉ်များ၊ နှစ်နိုင်ငံ ပြည်သူများအကြား ပိုမိုရင်းနှီးစေရန် ယဉ်ကျေးမှုချင်း အပြန်အလှန်ဖလှယ် မြှင့်တင်ရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

(သတင်းစဉ်)