ပန်းတနော် ၄ ဇွန် 


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ အနောက်ပိုင်းရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ရုံးတွင် ဇွန်လ ၄ ရက်  နံနက် ၉ နာရီက သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ဟောပြောပွဲ ကျင်းပခဲ့သည်။


အခမ်းအနားတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဦးအေးမင်းသန်းက သွေးလွန်တုပ်ကွေး ဖြစ်ပွားနိုင်သည့် ရောဂါလက္ခဏာ၊ သွေးလန့်သည့်ရောဂါ၊ ဝက်သက်ရောဂါဖြစ်ပွားနိုင်သည့် ရောဂါလက္ခဏာအခြေအနေများအား ရှင်းလင်းပြောကြားသည်။
 

ထို့နောက် ကျန်းမားရေးမှူး အဆင့်(၁)ဒေါ်ခိုင်ခိုင်ဝင်းက ခြင်ဆေးဖျန်းရာတွင် အသုံးပြုမည့် ဆေးဖျော်စပ်နည်း အချိုးအစားများ၊  ခြင်အန္တရာယ်ကာကွယ်နှိမ်နှင်းရေး ကြိုတင်လုပ်ဆောင်ရမည့် နည်းလမ်းများအား ရှင်းလင်းဟောပြောခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်း ဆွေးနွေး ဖြေကြားပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ဟောပြောပွဲသို့ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်ရှိပြည်သူများ စုစုပေါင်း ၅၀ ခန့် တက်ရောက်ခဲ့ကြောင်း  သိရသည်။


ပြည့်ဖြိုးကျော်(ပြန်/ဆက်)

 

1