မန္တလေး ၄ ဇွန်      


မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှုဆိုင်ရာ အကြောင်းအရာများကို ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန်နှင့် သတိပြုရှောင်ရှားနိုင်စေရန် ရည်ရွယ်၍ 'လူကုန်ကူးမှုတိုက်ဖျက်ရေး ပြည်သူအားလုံး ပါဝင်ပေး' ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီဌာနရှိ ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။ 

    
အခမ်းအနားတွင် ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းက လူကုန်ကူးမှုဖြစ်ပွားရခြင်း အကြောင်းရင်းများ၊ သတိပြုရှောင်ကျဉ်ရမည့် အချက်များအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်  'လူကုန်ကူးမှုတိုက်ဖျက်ရေး ပြည်သူအားလုံး ပါဝင်ပေး' ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကျင်းပခဲ့ပြီး ခရိုင်ဦးစီးအရာရှိနှင့် ခရိုင်စာကြည့်တိုက်မှူးတို့က ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။  

  
အဆိုပါပြိုင်ပွဲတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ 'သပြေညို ' ကိုယ်ပိုင်ကျောင်းမှ ဆရာ၊ ဆရာမများနှင့်၊ နဝမတန်း ကျောင်းသား၊ ကျောင်းသူများ ၄၀ ကျော် တက်ရောက်ခဲ့ကြောင်းသိရသည်။  


တင်ဇာလှိုင်(ပြန်/ဆက်)        

 

  

1