ဒီးမော့ဆို    ၄   ဇွန်    
    

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် World Vision Myanmar (ဒီးမော့ဆို)တို့ ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးများနှင့် အကာအကွယ်ပေးရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ဒီးမော့ဆိုမြို့ မြို့မရပ်ကွက် စိန်ဂျိုးဇက်ဓမ္မာရုံ၌ ကျင်းပသည်။
    

ဆွေးနွေးပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သန္တာဆွေဆွေကျော် က အမှာစကား ပြောကြားပြီး ဒီးမော့ဆိုမြို့နယ် World Vision Myanmar မှ ဒေသဖွံ့ဖြိုးရေးစီမံကိန်း မန်နေဂျာ ဒေါ်နော်ကဘော်မူးဖောက ဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
    

ဆွေးနွေးပွဲကို ဇွန် ၄ ရက်မှ ၅ ရက်ထိ နှစ်ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး/ ဆယ်အိမ်မှူးများနှင့် ကျေးရွာတာဝန်ခံများအား ကလေးသူငယ် ဥပဒေ၊ ကလေးသူငယ် အခွင့်အရေး၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ခြင်း၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးစနစ်၊ ရပ်ရွာအခြေပြု ကလေးသူငယ် ကာကွယ်စောင့်ရှောက်ခြင်း၊ CRC နောက်ခံသမိုင်း၊ ကလေးသူငယ်နှင့် ပတ်သက်သော သိမှတ်ဖွယ်ရာများကို World Vision Myanmar မှ တာဝန်ရှိသူများက ဦးဆောင်ဆွေးနွေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ရီရယ်(ဒီးမော့ဆို)