ရန်ကုန် ဇွန် ၄
ရန်ကုန်တောင်ပိုင်းခရိုင် ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့်ဝါးတန်းဆိပ်ကမ်း(ကီလီ)သို့ နေ့စဉ်မောင်းနှင် ပြေးဆွဲလျက်ရှိသည့် ``ရွှေရန်ကုန် ´´ စက်တပ်ရေယာဉ်လိုင်းမှ ဆိပ်ကြီး-ရန်ကုန် စက်တပ်ရေယာဉ် စီးခအား (ဇွန် လ ၁ရက်နေ့)မှ စ၍ လက်မှတ်ရောင်းစနစ်ဖြင့် စတင်ပြောင်းလဲ ကောက်ခံလျက်ရှိကြောင်း သိရသည်။
ရေယာဉ်စီးခအား လက်မှတ်တစ်စောင်လျှင် (၂၀ဝိ)ကျပ်နှုန်းနှင့် စင်းလုံးငှား စက်တပ်သမ္ဗန်(အသေး)တစ်စီးလျှင်၂၀ဝ၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။ အဆိုပါ``ရွှေရန်ကုန်´´ စက်တပ်ရေယာဉ်လိုင်းတွင် သမ္ဗန်အကြီး(၁၀၈)စီး အသေး(၆၂)စီးဖြင့် နေ့စဉ် ဆိပ်ကြီး-ရန်ကုန်အသွားအပြန်ပြေးဆွဲပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ ဆိပ်ကြီး-ရန်ကုန် ရေယာဉ်စီးခအား လက်မှတ်ရောင်းစနစ် ပြုလုပ်ခြင်းနဲ့ ပတ်သက်၍ ခရီးသည်တစ်ဦးမှ `` အခုလို လက်မှတ်စနစ်နဲ့ လုပ်လိုက်တာကောင်းတယ်အရင်လို ယာဉ်စီးခပိုတောင်းတာတွေ ယာဉ်စီးခ လိုတဲ့ပြဿနာတွေအတွက် ခရီးသည်တွေ စိတ်အနှောက်အယှက် မဖြစ်တော့ဘူးပေါ့´´ဟု ပြောကြားသည်။
ဝေယံ(ဆိပ်ကြီးခနောင်တို)