ဟားခါး  ၄  ဇွန်

 

နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်း(ILO)နှင့် BBC Media Action အဖွဲ့တို့ပူးပေါင်း ကျင်းပသော ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းနှင့် သတင်းမီဒီယာဆိုင်ရာကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၉နာရီက ဟားခါးမြို့ CACC ခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမန်ဟင်းဒါးလ်၊ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ချင်းပြည်နယ် အတွင်းရှိ ဒေသခံ သတင်းမီဒီယာ အဖွဲ့များမှတာဝန်ရှိသူများ တက်ရောက်ကြသည်။

 

5555

 

ရှေးဦးစွာ ပြည်နယ် စိုက်ပျိုးရေး၊မွေးမြူရေး၊သစ်တောနှင့် သတ္တုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားပြီး BBC Media Action အဖွဲ့မှ အတိုင်ပင်ခံပုဂ္ဂိုလ် Clare Lyonက ရွှေ့ပြောင်းသွားလာ လုပ်ကိုင်ခြင်းနှင့် ပတ်သက်သည့် အရေးကိစ္စများအပေါ် မီဒီယာများ၏ သတင်းပေးပို့ ဖော်ပြချက်များ ပိုမိုတိုးတက်စေရန်များ၊ သတင်းအချက်အလက်ပံ့ပိုးမှု ဆိုင်ရာများနှင့်ပတ်သက်သည်တို့ကိုလည်းကောင်း၊ နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်း(ILO)မှ Jackie Pollock က ရွှေ့ပြောင်းသွားလာ လုပ်ကိုင်ခြင်း အခြေအနေ များနှင့် ရွှေ့ပြောင်းသွားလာသူများက မည်သည့် သတင်းအချက်အလက်များ လိုအပ်သည်များကို လည်းကောင်း ရှင်းလင်း ပြောကြားပြီးနောက် တက်ရောက်လာသူများက အုပ်စုလိုက် နှိုင်းယှဉ်ဆွေးနွေးမှုများ  ဆောင်ရွက် ကြသည်။

 

အဆိုပါ ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းနှင့် သတင်းမီဒီယာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အုပ်စုလိုက် မေးမြန်းခြင်းနှင့် လက်တွေ့လေ့ကျင့်မှုများကို ဇွန်လ(၄)ရက်နေ့မှ ဇွန်လ(၅)ရက်နေ့အထိ (၂)ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း ခရိုင်(ပြန်/ဆက်)မှ  သိရှိရသည်။

 

MDN