နမ္မတူ ၄ ဇွန်

မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ပန်လုံ၊ ခိုမို ကျေးရွာအုပ်စု (၂)အုပ်စုရှိ တောင်သူ (၁၇၀)ဦးထံသို့ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ (၇) ထုတ်ပေးခြင်း အခမ်းအနားကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

 

mdn

 

အဆိုပါအခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့်က အမှာစကားပြောကြားပြီး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းရွှေက လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ (၇) ထုတ်ပေးခြင်း လုပ်ငန်းအား နည်းဥပဒေများနှင့်အညီ ဆောင်ရွက် ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်လှိုင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစံဟွမ်နှင့် တာဝန်ရှိသူ ဌာနဆိုင်ရာအကြီးအကဲများက ပန်လုံ၊ ခိုမို ကျေးရွာအုပ်စု (၂)အုပ်စုရှိ တောင်သူ ၁၇၀ ထံသို့ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် ပုံစံ (၇)အား လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

လူမော်(ပြန်/ဆက်)

 

mdn