၄ ဇွန်
လက်ဘနွန်နိုင်ငံမြောက်ပိုင်း ထရီပိုလီ မြို့တော်တွင် လက်နက်ကိုင်တိုက်ခိုက်မှုများ ယမန်နေ့က ဖြစ်ပွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်သုံးဦး သေဆုံးပြီး အခြားသော အပြစ်မဲ့အရပ်သား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကင်းလှည့်နေသည့် လက်ဘနွန် ပြည်တွင်း လုံခြုံရေးတပ်ဖွဲ့များနှင့် သေနတ်သမား များမြို့ဝင်ပေါက်၌ တိုက်ပွဲဖြစ်ပွားသဖြင့် လုံခြုံရေးအဖွဲ့ဝင်တစ်ဦး ကျဆုံးကာ အခြားတစ်ဦး ဒဏ်ရာရရှိပြီး ၎င်းတို့၏ ယာဉ်တစ်စင်း မီးလောင်သွားသည်။
ထရီပိုလီ အစိုးရ စစ်ဌာနချုပ်တွင် အခြားအုပ်စု၏ သေနတ်သမားများက လက်ပစ်ဗုံးတစ်လုံးပစ်ခဲ့ရာ အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထပ်လောင်းဖော်ပြထားသည်။
လက်ဘနွန် အမျိုးသားသတင်းအေဂျင်စီက အဆိုပါတိုက်ပွဲတွင် ဒဏ်ရာများရရှိရာမှ ပြည်တွင်းလုံခြုံရေးတပ်ဖွဲ့၏ နောက်ထပ်အဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကာ သေဆုံးသူနှစ်ဦးရှိကြောင်း သိရသည်။
တစ်ချိန်ထဲမှာပင် တိုက်ခိုက်မှုသုံးခု ဖြစ်ပွားကာ တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး အခြားသူများ ဒဏ်ရာရရှိခဲ့ကြောင်းလက်ဘနွန် စစ်တပ်က ထုတ်ပြန်ကြေညာခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို