၄ ဇွန်

 


ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘက် ၏ ဂုဏ်ပြုထမင်းစားပွဲသို့ အမေရိကန်သမ္မတ  ဒေါ်နယ်ထရန့်တက်ရောက်ခဲ့သည်။

 

efwf

 


အဆိုပါ တည်ခင်းဧည့်ခံပွဲကိ်ု ဘာကင်ဟမ် နန်းတော်တွင် ယမန်နေ့ညနေက ကျင်းပခဲ့ခြင်းဖြစ်သည်။

 


ဒုတိယကမ္ဘာစစ်အတွင်းက နော်မယ်ဒီကမ်းတက်တိုက်ပွဲကို ပြန်လည်သတိရကာ အမေရိကန်နှင့် မဟာမိတ်စစ်သားများအပေါ် ဘုရင်မကြီးက ကျေးဇူးတင်စကား ပြောကြားကာ ကျေးဇူးကြွေး တင်ရှိခဲ့ သည် ဟု ဆိုသည်။

 


ထရန့်က အမေရိကန် - ဗြိတိန် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနက်ရှိုင်းရန်  မျှော်လင့်ကြောင်း  ထုတ်ဖော်ပြောကြားခဲ့သည်။

 

sfr

 


ထိုစားပွဲသို့ မင်းသားဝီလျံနှင့် ၎င်း၏ ဇနီး၊ ဝန်ကြီးချုပ် ထရီဇာမေ နှင့် ထရန့် ၏ သမီး Ivanka နှင့် သူမ၏ခင်ပွန်းတို့ တက်ရောက်ခဲ့ကြသည်။

 


ယင်းဂုဏ်ပြုစားပွဲမတိုင်မီ နေ့ခင်းပိုင်းက သမ္မတထရန့်၊ သူ၏အမျိုးသမီး Melania တို့သည် မင်းသား ချားလ်စ်၊ သူ၏အမျိုးသမီးတို့နှင့်အတူ လက်ဖက်ရည်  သုံးဆောင်ခဲ့ကြသည်။

 


ထရန့်၏ ဗြိတိန်နိုင်ငံသို့ လာရောက်သည့်ခရီးစဉ်ကို ကန့်ကွက်ဆန္ဒပြရန် ဗြိတိန်နန်းတော် အပြင်ဘက်တွင် ရာချီရှိသော လူများစုဝေးခဲ့ကြသည်။

 


ကိုးကား - အန်အိတ်ချ်ကေ            
ဘာသာပြန် - မြင့်မြင့်ချို