လက်ပံတန်း ၄ ဇွန်

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် မကျီးကွင်း ကျေးရွာအုပ်စု ဂရံကျေးရွာအနီးတွင် ဇွန် ၄ ရက် မွန်းလွဲ ၃ နာရီခန့်က ကားပေါ်တင်ဆောင်လာသော လမ်းမီးတိုင်များပြုတ်ကျ၍ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

225

 

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နေသူ ယာဉ်မောင်း ဦးမျိုးမင်း မောင်းနှင်လာသော ယာဉ်အမှတ် 6B...... အဖြူရောင် တွဲကားသည် လမ်းမီးတိုင်များ တင်ဆောင်လာ၍ ရန်ကုန်ဘက်မှ ပြည်ဘက်သို့ မောင်းနှင်လာစဉ်  လက်ပံတန်းမြို့နယ် ဂရံကျေးရွာအနီး မိုင်တိုင်အမှတ် ၉၂/၇ မှ ၉၃/ဝ အကြားတွင် ယာဉ်ပေါ်ရှိ လမ်းမီးတိုင်များအား ကာရံထားသော အထိန်းကြိုးနှင့် တိုင်များကြိုးကျကာ လမ်းမီးတိုင်များ ပြုတ်ကျကာ ကားလမ်း ပိတ်ဆို့မှုဖြစ်ပွားခဲ့သည်။

အဆိုပါ ပိတ်ဆို့မှုဖြစ်ပွားရာနေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရထွန်းလင်းနှင့် အဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအသင်းမှ အဖွဲ့ဝင်များသည် ကရိန်းကားဖြင့် ပြုတ်ကျသော လမ်းမီးတိုင်များအား အချိန်နှင့်တစ်ပြေးညီ ဖယ်ရှားရှင်းလင်း ဆောင်ရွက်ပေးခဲ့သဖြင့် မွန်းလွဲ ၃ နာရီခွဲတွင် လမ်းရှင်းလင်းမှု ဆောင်ရွက်ပြီးသဖြင့် ခရီးသွားယာဉ်များ ဆက်လက်ထွက်ခွာခဲ့ကြောင်း သိရသည်။

ဝင့်နန္ဒာဌေး