ပွင့်ဖြူ ၄ ဇွန်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မေ ၃၁ ရက်က တိုက်ခတ်ခဲ့သည့် လေပြင်းအရှိန်ကြောင့် လူနေအိမ် နှစ်လုံး အမိုးလန်ပျက်စီးမှုအတွက် လေဘေးသင့် အိမ်ထောင်စုဝင်များထံ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ဇွန် ၄ ရက် နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေဘေးသင့် အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်က နိုင်ငံတော်မှ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုအတွက် ဒေသခံကျေးလက်နေပြည်သူများ အခက်အခဲမဖြစ်စေရေး ကူညီထောက်ပံ့ပေးခြင်းဖြစ်ကြောင်းနှင့် ယခု ထောက်ပံ့သည့် ထောက်ပံ့ငွေများကို ဒေသခံပြည်သူများအနေဖြင့် အကျိုးရှိရှိ သုံးစွဲသွားကြရန် ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်နှင့် ဝန်ထမ်းများအဖွဲ့က တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများကို လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်း အမိုးလန်ပျက်စီးသည့် ပွင့်ဖြူမြို့နယ် နဘဲကုန်းကျေးရွာမှ လူနေအိမ်တစ်လုံးနှင့် မလွှကုန်းကျေးရွာမှ လူနေအိမ်တစ်လုံးတို့မှ လေဘေးသင့်အိမ်ထောင်စုဝင်များထံ အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် နှစ်သောင်းနှင့် အိမ်ထောင်စုနှစ်စုမှ လေဘေးသင့်ပြည်သူ ၉ ဦးအတွက် လူတစ်ဦးလျှင် စားနပ်ရိက္ခာ ဆန်ဖိုးငွေကျပ် ၂၁၀ဝ နှုန်းဖြင့် ထောက်ပံ့ငွေ ကျပ် ၁၉၈၀ဝ၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၅၉၈၀ဝ အား တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)