မိုးညှင်း ၅ ဇွန်
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ သဘာဝသစ်တောများ ပြန်လည်ထူထောင်ရေးနှင့် ရာသီဥတုအပူဒဏ် ကာကွယ်နိုင်ရေးတို့အတွက် လာမည့်မိုးရာသီကာလတွင် မြို့နယ်အတွင်း အရိပ်ရပျိုးပင်ပေါင်း ၁၂၂၇၀ဝ ကျော်ကို ဖြန့်ဝေစိုက်ပျိုးပေးမည်ဖြစ်ကြောင်း သိရသည်။

မိုးညှင်းမြို့နယ် နတ်ပုတ်ကျေးရွာအနီး သစ်တောပျိုးဥယျာဉ်အတွင်း၌ ကျွန်း၊ ပျဉ်းကတိုး၊ ယမနေ၊ ပျဉ်းမ၊ မန်ဂျန်ရှား၊ မယ်ဇလီ၊ ခရေ၊ ကံ့ကော် စသည့် စနစ်တကျ ပြုစုပျိုးထောင်ထားသော ပျိုးဥယာဉ်ခြံ ၂ ခြံတွင် စုစုပေါင်းပျိုးပင် ၁၂၂၇၀ဝ ကျော်ကို မြို့နယ်အတွင်းရှိ ကောလိပ်ကျောင်း၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၊ ဌာနဆိုင်ရာများ၊ လမ်းဘေးဝဲယာနေရာများ၊ သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူများနှင့် တနိုင်တပိုင် သစ်တောစိုက်ခင်း တည်ထောင်လိုသူများအတွက် အခမဲ့ဖြန့်ဝေပေးမည်ဖြစ်သည်။

အဆိုပါ အရိပ်ရပျိုးပင်များကို စနစ်တကျ ရှင်သန်ကြီးထွားနိုင်ရေးအတွက် သစ်တောဦးစီးဌာနမှ မှန်ကန်သော စိုက်ပျိုးနည်းဖြင့် ပညာပေးလမ်းညွှန်ပြသပေးမည်ဖြစ်ကြောင်း မြို့နယ်အတွင်းရှိ နေရာဒေသအသီးသီးတွင် မည်သူမဆို အခမဲ့လာရောက်တောင်းယူနိုင်ကြောင်း သိရသည်။
ဝ၇၈