နေပြည်တော် ၄ ဇွန် 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးသန်းမြင့်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းတို့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Ruan ChengFa နှင့်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံတို့အကြား နယ်စပ်ဒေသစီးပွားရေးဇုန် တည်ထောင်ရေးကိစ္စ၊ လယ်ယာထွက်ကုန်ပစ္စည်းများ တိုးမြှင့်တင်ပို့ရေး ကိစ္စများနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်