နေပြည်တော် ၄ ဇွန် 

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး H.E. Mr. Kristian Schmidt နှင့် အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌရုံး၊ ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ်   ဥရောပသမဂ္ဂရွေးကောက်ပွဲ လေ့လာရေးအဖွဲ့ (EU EOM) ၏ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဥရောပသမဂ္ဂအနေဖြင့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး ဆောင်ရွက်နိုင်မည့် အစီအစဉ်၊ ဥရောပသမဂ္ဂရွေးကောက်ပွဲ နောက်ဆက်တွဲ လေ့လာရေးအဖွဲ့ (EU Election Follow-up Mission, EU-EFM)၏ တွေ့ရှိချက် အစီရင်ခံစာပါ အချက်များနှင့် ရွေးကောက်ပွဲဆိုင်ရာ အကြံပြုချက်များကို ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်