ညောင်ဦး ၄ ဇွန်
    

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် မိုးဦးမိုးများ ကောင်းစွာရွာသွန်းခြင်း မရှိသေးသည့်အတွက် မြို့နယ်အတွင်းရှိ အညာကျေးလက်ဒေသများတွင် ကျေးလက်နေပြည်သူများ သောက်သုံးရေရှားပါးမှု အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်ကြောင်း သိရ၍ ဇွန် ၄ ရက်၊ နံနက်ပိုင်းက ပုဂံမြို့၊ ရတနာဘုံစံတောရကျောင်းဆရာတော် အရှင်သာဂရ ဦးစီးတည်ထောင်ထားသည့် ဖြူစင်မေတ္တာ ပရဟိတရေလှူအသင်းက သုမင်္ဂလာ ပရဟိတရေလှူအသင်းနှင့် ပူးပေါင်း၍  သောက်သုံးရေရှားပါးသည့် ကျေးရွာများအား သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေး ရေသယ်ယာဉ်များဖြင့် သွားရောက်ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း အဆိုပါ ဖြူစင်မေတ္တာ ပရဟိတရေလှူအသင်းမှ နာယကဆရာတော် ဦးသာဂရထံမှ  သိရသည်။ 
    

 

dsoklf

 

သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးရာတွင် ညောင်ဦးမြို့နယ် ကုက္ကိုစုတဲတိုက်ရှိ ဒေသခံပြည်သူများအတွက် ရေဂါလန် ၂၇၀ဝ၊ ငါ့သရောက်မြို့၊ အမှတ်(၂) တောင်ကုန်းရပ်ကွက်ရှိ  ဒေသခံပြည်သူများအတွက် ရေဂါလန် ၂၇၀ဝ စုစုပေါင်း ရေဂါလန် ၅၄၀ဝ အား သောက်သုံးရေ အဆင်ပြေစွာသုံးစွဲနိုင်ရန်အတွက်  စနစ်တကျ ဖြန့်ဝေလှူဒါန်း ပေးခဲ့ကြောင်း သိရသည်။  

 


ယခုနှစ်တွင် ညောင်ဦးမြို့နယ်၌ ရာသီဥတု အပူချိန်မြင့်တက်လာမှုကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကျေးလက်နေပြည်သူများ သောက်သုံးရေရှားပါးမှု အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရပြီး ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ဖြူစင်မေတ္တာပရဟိတ ရေလှူအသင်းနှင့် သုမင်္ဂလာ ပရဟိတရေလှူ အသင်းတို့ ပူးပေါင်းအဖွဲ့က ရပ်ဝေးရပ်နီးမှ ရေကုသိုလ်အလှူများ၏  ထည့်ဝင်လှူဒါန်းငွေများဖြင့် စဉ်ဆက်မပြတ် ကွင်းဆင်းလှူဒါန်းပေးနေကြောင်းနှင့် စေတနာရှင်ပြည်သူများအနေဖြင့် ရေကုသိုလ်အလှူငွေများ ထည့်ဝင်လှူဒါန်းလိုပါက ဖြူစင်မေတ္တာပရဟိတရေလှူအသင်း နာယကဆရာတော်  အရှင်သာဂရ၊ ဖုန်း - ဝ၉၂၀၄၂၅၀၅ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။  

 


ရဲဝင်းနိုင် (ညောင်ဦး)

 

fer