ရှမ်းရွာသစ် ၅ ဇွန်
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် နိုင်ငံတော်က မိခင်လောင်းများ အာဟာရဓာတ် ပြည့်ဝစေပြီး အနာဂတ်မျိုးဆက်သစ်ကလေးများ ဉာဏ်ရည်ဉာဏ်သွေး ပြည့်ဝစေရန်နှင့် အာဟာရဓါတ် လုံလောက်စွာ ရရှိစေရန်၊ ကိုယ်ဝန်ဆောင်မိခင်သေနှုန်းလျော့ချစေရန် ရည်ရွယ်၍ ဇွန် ၄ ရက် ယမန်နေ့က ကွီးလေးကျေးရွာအုပ်စုတို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်ပွဲကို ဆောင်ရွက်ခဲ့သည်။
အဆိုပါလုပ်ငန်းတွင် ၂၀၁၉-၂၀၂၀ဏ္ဍာနှစ် ဒုတိယသုံးလပတ် ဇန်နဝါရီလမှ မတ်လအထိ ကိုယ်ဝန်ဆောင် မိခင် (၅၅)ဦး၊ အသက်(၂)နှစ်အောက်ကလေးငယ် (၂၃)ဦး၊ စုစုပေါင်း (၇၈)ဦးအတွက် ငွေကျပ် (၃၄၃၅၀ဝ၀/) ကျပ် ဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက်ကလေးငယ်တစ်ဦးလျှင် တစ်လငွေကျပ် (၁၅၀ဝ၀/)နှုန်းဖြင့် သုံးလ တစ်ကြိမ် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဝေဠု (ပြန်/ဆက်)