ရန်ကုန် ၅ ဇွန်
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ပုဇွန်တောင်မြို့နယ် ကျန်းမာရေးဦးစီးဌာနတွင် ယနေ့နံနက် ၉ နာရီခွဲက မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားမှုအခြေအနေ၊ ဖြစ်ပွားစေသော အကြောင်းအရာများနှင့် ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပုဇွန်တောင်မြို့နယ် ကျန်းမာရေးဝန်ထမ်းများမှ ဆီးချိုရောဂါ စစ်ဆေးပေးခြင်း၊ သွေးတိုး ရောဂါ စစ်ဆေးပေးခြင်း၊ လိုအပ်သည့် ဆေးဝါးများ အခမဲ့ပေးခြင်းတို့ဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကို စောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။
ကိုဘုန်း(ပြန်/ဆက်)