ငဖဲ ၅ ဇွန်
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ငဖဲမြို့နယ်ရှိ အခြေခံပညာကျောင်း ၁၁ ကျောင်းကို ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှစပြီး ကျောင်းအဆင့် တိုးမြှင့်လိုက်ကြောင်း သိရသည်။
ငဖဲမြို့နယ်အတွင်းရှိ အဆင့်တိုးမြှင့်လိုက်သော အခြေခံပညာကျောင်းများမှာ မန်းတမံမူလတန်းကျောင်း(ခွဲ)မှ မူလတန်း လွန်ကျောင်းအဖြစ်လည်းကောင်း၊ စွန်ပျော်မူလတန်းကျောင်း(ခွဲ)မှ မူလတန်းလွန်ကျောင်းအဖြစ် လည်းကောင်း၊ စပ်စီ၊ ရှောက်ရင်၊ တင်ပြင်း မူလတန်းကျောင်းမှ မူလတန်းလွန်ကျောင်းအဖြစ် ၃ ကျောင်း၊ ရှောက်တောင်မူလတန်းလွန်ကျောင်းမှ အလယ်တန်းကျောင်း(ခွဲ) အဖြစ်လည်းကောင်း၊ မင်းလွင်-ကျောင်းကုန်း၊ ကပစ(၁၄)လိုင် အလယ်တန်းကျောင်း(ခွဲ)မှ အလယ်တန်းကျောင်းအဖြစ် ၃ ကျောင်း၊ ဇင်ပြွန်း၊ သာယာကုန်း အလယ်တန်းကျောင်းမှ အထက်တန်းကျောင်း(ခွဲ)အဖြစ် ၂ ကျောင်း စုစုပေါင်း (၁၁)ကျောင်းအား ကျောင်းအဆင့် တိုးမြှင့်ခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၈၂ ကျောင်းရှိရာ အထက်တန်းကျောင်း (၂)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၄) ကျောင်း၊ အလယ်တန်းကျောင်း (၄)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) (၁၀) ကျောင်း၊ မူလတန်းလွန်ကျောင်း(၁၅)၊ မူလတန်းကျောင်း(၃၄)ကျောင်း၊ မူလတန်းကျောင်း(ခွဲ) (၁၃)ကျောင်း စုစုပေါင်း (၈၂)ကျောင်းရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
မယု(ပြန်/ဆက်)