မြောက်ဦး  ၅ ဇွန်


သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ပေးခြင်းနှင့် ပိုးလောက်လန်းသေ အဘိတ်ဆေးများခပ်ပေးခြင်းကို ကျန်းမာရေးဌာနမှဝန်ထမ်းများနှင့် တာဝန်ရှိသူများက ဇွန်လ ၂ ရက် နံနက် ၉ နာရီက မြောက်ဦးမြို့၊ အလယ်ဈေးအုပ်စုသို့ သွားရောက်ကာ ကွင်းဆင်း ဆောင်ရွက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။

 

1

 


အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုကို ခရိုင်(ရပကန)အဖွဲ့မှ ငှက်ဖျားအင်ပစက်တော် ဦးကျော်ဆန်းလင်း ဦးဆောင်ကာ မိခင်ကလေးကျန်းမာရေးဌာနမှဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး အလယ်ဈေးအုပ်စု ရပ်ကွက်အတွင်းနေအိမ်များရှိ ရေတွင်း၊ ရေကန်၊ ရေလှောင်ကန်များ ထဲသို့ အဘိတ်ဆေးများ ခပ်ပေးခြင်း၊ ဘုရားညောင်ရေပန်းအိုးများတွင် ပိုးလောက်လန်းများ မကျရောက်စေရန် ဖုံး၊ သွန်၊ လဲ၊ စစ် စနစ်ဖြင့် တစ်ပတ်လျှင်တစ်ကြိမ်ကျစီ ရေများလှဲလှယ်ပေးရန် အသိပညာပေး ဟောပြောခြင်းများပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ ထို့နောက် သွေးလွန်တုတ်ကွေး ရောဂါကြိုတင်ကာကွယ်ရေး လှုပ်ရှားမှုများကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြောက်ဦးခရိုင် ပြန်/ဆက်မှ သိရှိရသည်။


MDN