ပုလော ၅ ဇွန်
ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သော ၂၀၁၉ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို နံနက် ၈ နာရီတွင် ပုလောမြို့ အမှတ် (၂) ရပ်ကွက်နှစ်ကျိပ်ရှစ်ဆူဘုရားဝင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

သန့်စင်သောလေကို ရှူရှိုက်ဖို့ လေထုညစ်ညမ်းမှု တိုက်ဖျက်စို့ ဆောင်ပုဒ်နှင့်အညီ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီး၍ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင် သာယာရေးကော်မတီဥက္ကဌ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ ဆရာ/ဆရာမများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ ၊ ဒေသခံများအား ပျိုးပင် များ ပေးအပ်ကာ တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် ပျဉ်းကတိုး (၁၀ဝ)၊ မဟော်ဂနီ (၁၀ဝ)၊ မန်ဂျန်ရှား (၁၀ဝ) နှင့် သင်္ကန်း (၅၀) သစ်ပင်အမျိုးအစားပေါင်း (၃၅၀) ကို စိုက်ပျိုးခဲ့ကြောင်းသိရသည်။
ထူးဝေယံ(ပြန်/ဆက်)

