သုံးခွ ၅ ဇွန်
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်တွင် ၂၀၁၉ ခုနှစ် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ထုတ်ချေးရာတွင် သုံးခွမြို့နယ် ဟေမဇလာကျေးရွာမှ တောင်သူ ၇၁ ဦးအား တစ်ဧကလျှင် ငွေကျပ် ၁၅၀ဝ၀ဝ နှုန်းဖြင့် (၆၀၃) ဧကအတွက် ငွေကျပ် ၉၀၄ ဒသမ ၅ သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ်၌ ၂၀၁၉ ခုနှစ်အတွက် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၆၅ အုပ်စုမှ တောင်သူပေါင်း ၁၆၆၅၈ ဦး၏ ဧက ၁၁၅၄၇၃ အတွက် ချေးငွေကျပ် ၁၇၃၂၀၉ ဒသမ ၅ သိန်းအား ထုတ်ချေးရန် လျာထားကြောင်း မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးအုန်းဟန်ထံမှ သိရသည်။
ကိုကျော်(သုံးခွ)