၅ ဇွန်
မြောက်မြားစွာသောလူအုပ်ကြီးသည် တရုတ်နိုင်ငံဘေဂျင်းမြို့ရှိ တီယန်နန်မင် ရင်ပြင်တွင် ၁၉၈၉ ခုနှစ်က အကြမ်းဖက်ဖြိုခွင်းခံခဲ့ရသည့် ဒီမိုကရေစီလိုလားသည့် ကန့်ကွက်ဆန္ဒပြသူများကို သတိရသည့်အနေဖြင့် ဆုတောင်းပွဲတစ်ခုကို ဟောင်ကောင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ယမန်နေ့က အဆိုပါ အကြမ်းဖက်နှိမ်နင်းမှုဖြစ်ရပ် နှစ် ၃၀ ပြည့် အခမ်းအနားအတွက် ပန်းခြံတစ်ခုတွင် လူပေါင်း တစ်သိန်းရှစ်သောင်း စုရုံးခဲ့ကြသည်ဟု ပွဲစီစဉ်သူများက ဆိုသည်။
ထိုအကြမ်းဖက် နှိမ်နင်းမှုတွင် သေဆုံးသွားခဲ့သည့် အထက်တန်းကျောင်းသားတစ်ဦး၏ မိခင်က ၎င်း ဖြစ်ရပ်ကို နိုင်ငံတော် အမှုအခင်းဟု ပြောကြားခဲ့ပြီး အာဏာပိုင်များက သွေးစွန်းခဲ့သည့် အမှန်တရားကို မုသားဖြင့် ဖုံးကွယ်နိုင်မည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။
တီယန်နန်မင် နှစ်ပတ်လည်နေ့ အခမ်းအနားတွင်ပါဝင်သူများက ထိုဖြစ်ရပ်နှင့် ပတ်သက်သည့် အမှန်တရားကိုရှာဖွေရန် စုံစမ်းစစ်ဆေးမှု စတင်ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ကြသည်။
ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို