စစ်တွေ  ၅  ဇွန်  


၂၀၁၉ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမ၌ကျင်းပသည်။

 

1

 


အခမ်းအနားတွင် ပြည်နယ်ဝန်ကြီး ဦးပုန်ဘွေ က အမှာစကား ပြောကြားပြီး UNDP မှ အကြီးတန်းအရာရှိ ဦးထွန်းထွန်းက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားသည်။


ထို့နောက် အမျိုးသား ပတ်ဝန်းကျင်ရေးရာမူဝါဒ ချမှတ်ထုတ်ပြန်ကြောင်းနှင့် မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်များ ထုတ်ပြန်ကြောင်းအသိပေး ကြေညာသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီး ဦးပုန်ဘွေ က ၂၀၁၉ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်း သိမ်းရေးနေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲ အခြေခံပညာအထက်တန်းအဆင့်တွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကိုလည်းကောင်း ပြည်နယ်စာရင်းစစ်ချုပ် ဒေါ်ယဉ်လှ က အခြေခံပညာအလယ်တန်းအဆင့်တွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကို လည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။


ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဗီဒီယိုမှတ်တမ်းကို ပြသပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြကာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် ပြကွက်များကို လှည့်လည်ကြည့်ရှုကြသည်။


(သတင်းစဉ်)