ထားဝယ် ၅ ဇွန်

တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးတင်အောင်သည် တရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်ပိုင်းက ထားဝယ်မြို့မ ရဲစခန်း(အချုပ်ခန်း)ရှိအချုပ်သား/သူနှင့် ထားဝယ်အကျဉ်းထောင်ရှိ အကျဉ်းသား/သူများအား ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်က ထားဝယ်မြို့မရဲစခန်း(အချုပ်ခန်း) ရှိ အချုပ်သား အချုပ်သူများ၏ အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ထားဝယ်မြို့မရဲ စခန်းမှူးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

mdn

 

ဆက်လက်၍ တာဝန်ရှိသူများက ထားဝယ်အကျဉ်းထောင်ကို ဆက်လက်ကြည့်ရှုစစ်ဆေးရာ ထားဝယ်အကျဉ်းထောင် တာဝန်ခံအရာရှိက အကျဉ်းထောင်အတွင်းအကျဉ်းသား/သူများနှင့်အချုပ်သား/သူများ၏ နေထိုင်စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သောက်သုံးရေရရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကာ တိုင်းဒေသကြီးတရားသူကြီးချုပ်က အကျဉ်းသား/သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ၊ ဥပဒေအရပေးထားသည့် အယူခံပိုင်ခွင့် အခွင့်အရေးများ ဆောင်ရွက်ပေးနိုင်ရေးမှာကြားခဲ့ကြောင်း ထားဝယ်ခရိုင်ပြန်/ဆက်မှ သတင်းရရှိသည်။

MDN